ရောမသြဝါဒစာ ၂.၁၁ ထဲမှာ
~ ဘုရားသခင်သည် အဘယ်သူ၏မျက်နှာကိုမျှ မှတ်တော်မမူ~
~ God does not show favoritism.~
လို့အတိအလင်းပြောထားတာကို တွေ့ရပါတယ်။
ဘာကိုဆိုလိုချင်တာဖြစ်မလဲ... အဲဒီ ရောမသြဝါဒစာရဲ့ context အရတော့ ဘုရားသခင်က သူ့ကို ယုံကြည်တဲ့ လူတွေအားလုံးကို တန်းတူထားပြီးတော့ ဆက်ဆံတယ်၊ ကောင်းကြီးပေးတယ်...အဲဒါပါပဲ။
အဲဒီကျမ်းကနေ Minority (လူနည်းစု) သမားတွေရဲ့အမြင်မှားတာလေးကို ဒီမှာပြောပြချင်ပါတယ်...
...ကျနော်တို့ Minor သမားတွရဲ့စိတ်ထဲမှာ
~ ငါတို့တွေက ဆင်းရဲတယ်၊ အဲဒီတော့ ဘုရားသခင်က ပိုပြီးတော့ ချစ်မယ်၊ ကောင်းကြီးပေးမယ်။ ဒါပေမယ့် ငွေကြေးချမ်းသာတဲ့သူတွေကိုတော့ ဘုရားကသူတို့ကို ဆွဲချမယ်၊ ဖျက်ဆီးမယ်။ ငွေကြေးချမ်းသာရင် ဘုရားကိုမေ့တတ်တယ်၊ ဆိုတော့ ချမ်းသာတာမကောင်းဘူး ~ ဆိုတဲ့ အတွေးတွေချည်းနဲ့ ဖြစ်နေတတ်ပါတယ်။
စိတ်ဆင်းရဲစရာပါပဲ...ဘယ်ကနေဘယ်လို ဒီအတွေးတွေကို အမွေခံသလဲ ဆိုတာ စဉ်းစားလို့မရဘူးဖြစ်နေတယ်။
ဆိုတော့ ကျမ်းစာပြောတာကို ကြည့်ရင် ~ဘုရားသခင်က ဘယ်သူ့ကိုမှ မျက်နှာမလိုက်ဘူး~ ဆိုတာပဲရှိပါတယ်။
ကျနော်တို့က ဆင်းရဲလို့ဘုရားက ကောင်းကြီးတွေပိုပေးတယ်ဆိုရင် ဘုရားသခင်မတရားဘူး ဖြစ်မှာပေါ့။
...သူတို့က ငွေကြေးချမ်းသာလို့ ဘုရားက ဘာမှထပ်မပေးတော့ဘူးဆိုရင် ဘုရားသခင် မတရားဘူးပြန်ဖြစ်မှာပေါ့။
ဘုရားသခင်က ကျနော်တို့ ရှိ၊မရှိ ဆိုတဲ့ အချက်ပေါ်မူတည်ပြီးတော့ ကောင်းကြီးပေးတာမဟုတ်ပါဘူး။ ငါတို့ရဲ့စိတ်နှလုံးကိုကြည့်ပြီးတော့ ကောင်းကြီးပေးတာပါ။ ကျနော့် နှလုံးသားက ဘုရားသခင်ရဲ့ နိယာမထဲမှာ ဘောင်ဝင်နေသရွေ့ ကျနော့်ကို ဘုရားသခင် ဆက်ပြီးတော့ ကောင်းကြီးပေးအုံးမှာပါ။
လောကကြီးမှာ အချမ်းသာဆုံးဖြစ်နေလည်း ကျနော့်ကို ထပ်ပြီးတော့ ပေးအုံးမှာပဲ။...ဒါပေမယ့် ကျနော်က ဆင်းရဲလိုက်သေးတယ်၊ နှလုံးသားကဘုရားရဲ့ နိယာမထဲဘောင်မဝင်ဘူးဆိုရင် ကျနော်ကဘုရားကို ကိုးကွယ်နေ၊ သိနေလည်းပဲ ဆက်ပြီးတော့ ဆင်းရဲ့နေဦးမှာ အမှန်ပါပဲ။
အဲဒါက ဘုရားသခင်ရဲ့ဂုဏ်အင်္ဂါတစ်ခုဖြစ်တဲ့ ~ဘက်မလိုက်ခြင်း~ ပဲဖြစ်ပါတယ်။
အချုပ်အနေနဲ့...
ကျနော် ဆင်းရဲလို့ ဘုရားသခင်က ကောင်းကြီးပိုပေးတယ် ဆိုတာမျိုးမရှိပါဘူး။
ကျနော် ချမ်းသာလို့ ဘုရားသခင်က ထပ်မပေးတော့ဘူး၊ ဆွဲချတော့မယ် ဆိုတာမျိုးလည်းမရှိပါဘူး။
ဘုရားသခင်ကြည့်နေတာက ကျနော်တို့ရဲ့နှလုံးသားပါ...
ကိုယ့်ရဲ့နှလုံးသားလေးတော့ ဘုရားနဲ့မှန်ကန်ပါစေနော်။။။

No comments:
Post a Comment