Thursday, June 13, 2013


ကျနော့် လက်ချောင်းလေးတွေကကြည့်လို့အရမ်းကောင်းတယ်ဆိုတာ ငြင်းမရတာအမှန် ပါပဲ။
          ခြေချောင်းလေးတွေကတော့ ပြောစရာမရှိဘူးပေါ့။

ကျနော့် မျက်လုံးတွေက ဘယ်အချိန်ကြည့်ကြည့် ကြည့်မဝနိုင်အောင် ပါပဲ။
          ခြေသလုံးတွေက အပြစ်ပြောစရာမတွေ့ပါဘူး။

ကျနော့် ကိုယ့်ခနာကတော့ ပန်းပုဆရာကြီးက အပြစ်အနာမရှိထုထားတဲ့ အရုပ် ပါပဲ။
          ရုပ်ချောတာ၊ ခန့်တာကြောင့် ယုံကြည်မှုအပြည့်အဝရှိပါတယ်။

ကျနော့် အသံကတော့ အကောင်းဆုံးသောတေးသွားတွေလို ပါပဲ။
          စကားပြောဆိုရာမှာ အမြဲတမ်းချောမွတ်၊ပြေပြစ်လွန်းလှပါတယ်။

ကျနော့် ချစ်သူကတော့ကမာပေါ်မှာ အချောဆုံးနတ်မိမယ် ပါပဲ။
          သူပေးတဲ့အချစ်တွေက စံထားလောက်ပါပေတယ်။

ကျနော့် မိသားစုကတော့ အကောင်းဆုံးတွေနဲ့ ပြည့်နှက်နေတဲ့ဝန်းကျင်တစ်ခု ပါပဲ။
          ဆွေမျိုးတွေကလည်း ဘဝရဲ့ခိုင်ခံ့တဲ့ မြို့ရိုးကြီးတွေဖြစ်ပါတယ်။

ကျနော့် ဘဝတစ်ခုလုံးက ကောင်းတာတွေနဲ့ပြည့်နှက်နေတာအမှန် ပါပဲ။
          ရနေတာတွေအားလုံးက လုံးဝကိုပြီးပြည့်စုံနေပါတယ်။

ဒီအရာတွေအားလုံးက ကျနော့်ကိုကျနော် ဘယ်သူနဲ့မှ နှိုင်းယှဉ်မှုမလုပ်တဲ့အခါ ကျနော်တွေ့ရတဲ့ ကျနော့်ရဲ့ဘဝဖြစ်ပါတယ်။

No comments:

Post a Comment