ဘာပဲဖြစ်ဖြစ်ဒီနေ့ တနေကုန်ကျန်းကျန်းမာမာ လှုပ်ရှားသွားလာရတဲ့အတွက် ဘုရားသခင့်ကျေးဇူးတော်ကို အထူးချီးမွမ်းမိပါတယ်။။။
မီးပွိုင့်တွေကလည်း တော်တော်ကြာတယ်။။။
ခုတလောရန်ကုန်မှာတော့ တော်တော်လေးကို ရှုပ်ရှုပ်ရှက်ရှက်နိုင်လွန်းတာပဲ။
...ဘယ်လိုပဲဖြစ်နေပါစေ၊ ကျနော့်အတွက်ကတော့ ကျေးဇူးတော်ချီးမွမ်းစရာတွေချည်းပါပဲ။
အထူးသဖြင့် နယ်ဝေးက လာတဲ့သူတစ်ယောက်အနေနဲ့ ရန်ကုန်မြို့ကြီးမှာ ကျောင်းတက်ခွင့်ရတယ်ဆိုတာက ကြီးမားလွန်းတဲ့ ဘုရားသခင်ရဲ့အချစ်ကို ကျနော်မြင်ရတဲ့သဘောပါပဲ။
လူဆိုတော့ ရံဖန်ရံခါ မေ့တတ်ကြတယ်လေ။။။ ပျော်လာရင် ဘုရားသခင်ကို မေ့ကြတာက ဓမတာ တစ်ခုလိုဖြစ်နေတယ်။...
ဒီနေ့အဖို့တော့ ဒီလောက်နဲ့ဘုရားသခင်ရဲ့ကျေးဇူးတော်တော်ကို ချီးမွမ်းလိုပါတယ်။
ကောင်းမွန်စွာ အိပ်စက်အနားယူခွင့်လည်း ပေးအုံးမှာဖြစ်လို့ ပိုပြီးတော့ ပျော်ရွှင်မိပါတယ်။

No comments:
Post a Comment