တူမလေးရဲ့စိတ်
လူ့စိတ်ဆိုတာ ဆန်းကြယ်လွန်း ပါတယ်။ တနေ့တုန်းက တူမလေးဆီ အလည်သွားရင်း ပညာရခဲ့ပါတယ်။
တူမလေးကို Gracy လို့ခေါ်ပါတယ်။ အဲဒီနေ့မှာ သူ့သူငယ်ချင်းတစ်ယောက် လာလည်တယ်။ သူတို့က အရွယ်တူတွေဆိုတော့ ဆော့လို့ကို မပြီးနိုင်တော့ဘူး။ သူတို့ဆော့တာကို ကြည့်ပြီးတော့ ပီတိဖြစ်နေခဲ့မိပါတယ်။
အဲဒီတူမလေးရဲ့သူငယ်ချင်းက ပြန်ခါနီးမှာ ပစွည်းတစ်ခုကိုငှါးချင်ပါတယ်။ အဲဒီမှာတူမလေးက မငှါးဘူးတဲ့။
အဲဒီတော့ သူ့သူငယ်ချင်းက ငိုပါလေရော။ အဲဒီတော့မှာ ဝင်ပါရတော့မယ်ဆိုပြီး သူတို့ပြသနာကို ဖြေရှင်းပေးခဲ့တယ်။
တူမလေးကို ခေါ်ပြီးတော့ ~ဂရေစီ...ဒီဟာက မီးမီးရဲ့ကစားစရာ ဟုတ်တယ်မလား~ လို့မေးတော့ သူက ~ဟုတ်တယ်...အဲဒါမီးမီးဟာပဲ~ တဲ့။ ပြီးတော့ သူ့ကိုဆက်မေးတယ်။ ~အဲဒါကမီးမီးဟာ... မီးမီးရဲ့သူငယ်ချင်းက ယူသွားမှာမဟုတ်ဘူး။ မီးမီးရဲ့ကစားစရာကို သူက ခဏငှါးချင်တာ။ မီးမီးသူ့ကို ပေးငှါးမလား~ လို့မေးတော့ သူနည်းနည်းစဉ်းစားပုံရတယ်။ ပြီးမှ တူမလေးက ~ငှါးမယ်~ တဲ့။
ဒီလိုနဲ့ ပြသနာအဆင်ပြေသွားခဲ့ပါတယ်...
...ဖတ်ခဲ့ဖူးတဲ့ ကလေးစိတ်ပညာအကြောင်းလေးတစ်ခုကို လက်တွေ့အသုံးချတာ တော်တော်လေး အလုပ်ဖြစ်ပါတယ်။
ကလေးတွေရဲ့စိတ်ထဲမှာလည်း သူတို့က တခုခုကို ပိုင်ဆိုင်တယ်ဆိုတဲ့ စိတ်ဓါတ်လေးရှိနေပါတယ်။
ဒီလိုအရာလေးတွေက မသိရင်ခက်တာမို့ သိထားသင့်ပါတယ်။

No comments:
Post a Comment