ဘာပဲဖြစ်ဖြစ် ဒီနေ့ကိုတော့ အလုပ်များတဲ့နေ့လို့ သတ်မှတ်ချင်ပါတယ်။
စာကြည့်တိုက်ကပြန်လာတယ်...အရမ်းပင်ပန်းလို့နားမယ် စိတ်ကူးတုန်း သူငယ်ချင်းတယောက် ရောက်လာပြီးတော့ ~ငါတို့ အဲဒီသူငယ်ချင်းရဲ့အဖေ အသုဘသွားကြမယ်...လိုက်မလား~ လို့မေးတော့ တော်တော်လေးကို တွေဝေသွားခဲ့ပါတယ်။
နှစ်နှစ်လုံးလုံးပေါင်းလာခဲ့တဲ့ သူငယ်ချင်းရဲ့အဖေ နဲ့ ပင်ပန်းတာနဲ့ ဘယ်ဟာကို မျက်နှာသာပေးရင်ကောင်းမလဲလို့ စဉ်းစားပြီးတော့ ဆုံးဖြတ်၊ ရွေးချယ်ခဲ့ရပါတယ်။
သူငယ်ချင်းကိုသွားပြီးတော့ အားပေးစကားပြောမယ်၊ မပြောဖြစ်ရင်တောင် မျက်နှာသွားပြမယ်လို့ ရွေးချယ်ပြီးတော့ သွားခဲ့တယ်...
ဒီနေ့ ကျနော်ရွေးချယ်မှုလုပ်တာမှန်တယ်လို့ပြန်ပြီးတော့ သုံးသပ်မိပါတယ်...
စာမေးပွဲတွေအများကြီး၊ အိမ်စာတွေက အများကြီးရှိနေဦးမှာပါ။ ဒါပေမယ့် သူငယ်ချင်းရဲ့ အားငယ်တဲ့အချိန်မှာ ဒီလိုသွားခွင့်ရတယ်ဆိုတာ လူကြီးဆန်တဲ့အလုပ်၊ ကောင်းတဲ့အလုပ်လို့ ယူဆမိပါတယ်။
လောကမှာ လုပ်စရာတွေအများကြီးရှိနေဦးမှာပါ။ ကုန်နိုင်မှာမဟုတ်ပါဘူး။
အဲဒီတော့ ဦးစားပေးလုပ်သင့်တဲ့ အရာတွေကို ဦးစားပေးလုပ်စေချင်ပါတယ်။
ဒီနေ့တော့ တော်တော်လေးပင်ပန်းပါတယ်။။။။

No comments:
Post a Comment