ဝါ၊ စိမ်း၊ နီ။
အခန်းအပြင်ဘက်ကို လှမ်းကြည့်လိုက်ရင် နေ့တိုင်းမြင်ရတာက ဝါ၊ စိမ်း၊ နီ။
သူလုပ်တတ်တာက ဒီသုံးရောင်ကိုအချိန်မှန်မှန်ပြပေးရုံပါပဲ။
သူလုပ်လို့ ထောင်၊ သာင်းနဲ့ချည်တဲ့ကားတွေ နေ့တိုင်းအဆင်ပြေနေပါတယ်။
အော်...သူ့အလုပ်များ မွန်မြတ်လွန်းလှပါတယ်။
လူတွေရဲ့ကောင်းကျိုးကို နေ့တိုင်းသယ်ပိုးနေတယ်။
သူ့ကမေးပါတယ်...~မင်းရော ဘာလုပ်လဲ~ တဲ့။
~ဗျာ...ကျနော်ဘာမှမလုပ်သေးဘူး~ လို့ပြောဖို့ တော်တော်အားစိုက်ခဲ့ရပါတယ်။
ပြီးတော့မှ ကျနော်စဉ်းစားမိတယ်
...ကျနော်လည်း ကျနော်တတ်ထား၊ သိထားတဲ့ ပညာတွေနဲ့ လူတွေကို တနေ့နေ့အကျိုးပြု နိုင်မှာပါလို့။
အဲဒီလိုအားတင်းလိုက်ပြီးတော့ မနက်ဖြန်ကိုအရမ်းမျှော်လင့်မိတယ်။

No comments:
Post a Comment