Friday, June 14, 2013


ဒီနေ့ တနေ့တာလုံး ဘယ်လိုဖြတ်သန်းရမယ်ဆိုတာကို စဉ်းစားရင်း ရင်ခုန်နေမိပါတယ်။

...အိမ်စာလုပ်ရမှာတွေများတယ်၊ တော်တော်လေးကို လုပ်ရမှာ။ နေ့လည်ကျရင် City Church ရဲ့ လူငယ်အစီအစဉ်ကို သွားချင်တယ်။ service က စောစောပြီးခဲ့ရင် ရုံတင်ပွဲတွေထဲက Pee Mak (သို့) Fast and Furious 6 ကို ကြည့်ချင်မိတယ်။

ဘာပဲဖြစ်ဖြစ် ဒီတနေ့လုံး ကျနော်လှုပ်ရှားသွားလာဖို့အတွက် အားအင်တွေ လိုအပ်နေတာအမှန်ပါပဲ။ ကျနော်ကိုးကွယ်တဲ့ဘုရားသခင်က ~တောင်းကြလော့၊ တောင်းလျှင်ရမည်~ လို့ ကျနော့်ကို ပြောထားတဲ့ အတွက်...ဒီနေ့ တနေကုန်ဖြတ်သန်းသွားလာရမယ့် ခရီးရှည်အတွက် သူ့ဆီမှာ ခွန်အား၊ ညဏ်ပညာတွေ တောင်းခံနေပါတယ်။

သူများတွေလို ကိုယ်တိုင်လုပ်နိုင်တဲ့ အစွမ်းအစနည်းပါးတော့ ကျနော့်ဘုရားသခင်ရဲ့ဖေးမမှုကို ကျနော်ပိုပြီးတော့ လိုအပ်ပါတယ်။

ကဲ...ဒီတနေ့တာကို ဘုရားသခင်ဆီက ကောင်းတာတွေကို မျှော်လင့်ပြီးတော့ အစပြုလိုက်ပါပြီ...


No comments:

Post a Comment