Wednesday, June 19, 2013


ထုံးစံအတိုင်းပါပဲ ကျနော့် Facebook Wall ကတော့ ကျနော့်အတွက် စာအုပ်စင်ကောင်းလေးတစ်ခု ဖြစ်နေဆဲပါ...

ဒီနေ့လည်း ဘဝအတွက်သင်ခန်းစာကောင်းလေးတစ်ခုကို ရလိုက်ပါတယ်...
Love, Laugh & Enjoy ဆိုတဲ့ Page လေးကတော့ ပုံမှန်ပါပဲ...ကျနော့် favorite ဖြစ်နေဆဲပါ။

ဒီနေ့သူ ပို့စ်တာလေးတစ်ခုကတော့
"Life is the most difficult exam...many fail trying to copy others not realising that each one has a different Question paper." တဲ့လေ။

လူတိုင်းမွေးလာတာနဲ့ ဘဝပေးတဲ့ မေးခွန်းစာရွက်ကြီးတွေကို ကိုင်ပြီးတော့ အသက်ရှင်နေသရွေ့အဲဒီမေးခွန်းတွေကို ဖြေကြရပါတယ်။ လူတွေ ဘာကြောင့် စာမေးပွဲကျရသလဲဆိုတော့ သူတို့ရဲ့မေးခွန်းလွှာကို ကောင်းကောင်းမကြည့်ပဲ သူများတွေရဲ့ မေးခွန်းရဲ့အဖြေ အတိုင်းလိုက်ဖြေနေကြလို့ပါ...

...အခရာကြတာက ကိုယ့်ရဲ့မေးခွန်းကိုသေချာဖတ်ပါ။ မေးတဲ့အတိုင်းပဲဖြေပါ၊ သူများတွေ ဒီလိုဖြေလို့ ကိုယ်လည်း ဒီလိုဖြေမယ်ဆိုတာမျိုးတွေမဖြစ်စေချင်ဘူး။ သူများတွေဘယ်လိုပဲဖြေဖြေ ကိုယ့်ရဲ့မေးခွန်းအတိုင်းပဲ ဖြေစေချင်တယ်။

...အော်၊ ဘဝစာမေးပွဲရဲ့ မေးခွန်းက တယောက်စီရဲ့မေးခွန်းတွေကမတူမှန်း သိတာများနောက်ကျသွားပြီလား လို့ စဉ်းစားနေမိတယ်။

No comments:

Post a Comment