လူတွေပြောတော့ ကောင်းကင်ထက်ကကြယ်စင်တွေဟာ ကြွေကျလာတတ်သလို၊ လူတွေလည်း ကြယ်ကြွေသလိုကြွေကြရတယ်တဲ့...
အဖေဟာ ကျနော့်ကောင်းကင်ထက်က လင်းလက်တဲ့ကြယ်စင်တန်းပါပဲ။
...ဓူဝံကြယ်ကြီးလို နေရာမရွေ့ဘဲနဲ့ ~သား...မင်းဒီလမ်းကိုသွားနော်။ ဒီလမ်းကမင်းဘဝအတွက် လမ်းမှန်ဖြစ်တယ်~ ဆိုပြီးတော့ ပြောနေမယ့် ကြယ်ကြီးပါပဲ။
လူ့လောကရဲ့သဘောအရ ခွဲခွါကြရမယ့် အချိန်ဆိုတာရှိလာမယ် ဆိုတာကို သိပါတယ်။
ဒါပေမယ့် ကျနော့်ရင်ထဲမှာ အဖေက ဓူဝံကြယ်ကြီးလို ရှိနေမှာပါ...
အဖေပြောခဲ့တဲ့စကားတွေ၊ ဆူဆုံးမခဲ့တာတွေကို ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး။
အရာရာတိုင်းအတွက် အဖေ့ကို
လေးစားဂုဏ်ယူပါတယ်...
No comments:
Post a Comment