Saturday, June 29, 2013

အမှန်တရား

ခုတလော အထူးအဆန်းတွေတွေးနေမိတယ်။။။

တကယ်ပါပဲ...လောကကြီးမှာ အမှန်တရားဆိုတာရှိပါ့မလား လို့လေ... လောကကြီးရဲ့ အမှန်တရားဆိုတာက လူအများစုခံယူထားတဲ့ သဘောတရားတစ်ခုပါပဲ။။။

တကယ်လို့များ... လူသတ်တာကောင်းတယ်လို့ ယူဆခဲ့ရင်၊ ခံယူကြလို့ရှိရင် လူသတ်တယ်ဆိုတာက မှန်တဲ့အရာတခုဖြစ်လာမှာပါပဲ... ကျနော်တစ်ယောက်တည်းစဉ်းစားတာဆိုတော့ အဲဒီလိုပဲ ဖြစ်လာမယ်လို့ ခံစားမိတယ်။

ပြီးတော့ ဟိုနိုင်ငံတွေရဲ့ကားတွေက ဘယ်မောင်း၊ ဒီနိုင်ငံရဲ့ကားတွေက ညာမောင်း ရှုပ်ယှက်ခတ်နေတာပဲ... အမှန်တရားဆိုတာကို လိုက်ရှာနေရင်တော့ ရူးလောက်တယ်...

ဒါပေမယ့်ပေါ့နော်... လောကကြီးမှာ လူဖြစ်နေသရွေ့ကတော့ ပိုကောင်းတဲ့အမှန်တရားဆိုတာကို အမြဲတမ်းရှာဖွေနေရဦးမှာပါ။

No comments:

Post a Comment