မပြည့်စုံတဲ့ကျနော့်ဘဝ နောက်ကြောင်းအတွက် စိတ်မညစ်မိပါဘူး။
ခက်ခဲလေ့ရှိတဲ့ ကျနော့်ဘဝ ရှေ့ဆက်အနာဂါတ်အတွက်လည်း မငြီးတွားမိပါဘူး။
...အဆင်မပြေဖြစ်လေ့ရှိတဲ့ ကျနော့် လက်ရှိအခြေအနေအတွက် လည်းမစိုးရိမ်မိပါဘူး။
ဘာဖြစ်လို့လဲဆိုတော့ စိုးရိမ်တာတွေ၊ ငြီးတွားတာတွေ၊ စိတ်ညစ်တာတွေ ဖြစ်နေ၊ခံစားနေလို့ ကျနော့် အနာဂါတ်ခရီးက ပိုပြီးတော့လှပလာမှာမဟုတ်ပါဘူး။ ပိုကောင်းလာမှာလည်းမဟုတ်ပါဘူး။
အမှန်ဆိုရင် အတိတ်ကို ကျနော်ဘာမှ လုပ်လို့မရတော့ဘူး၊ အနာဂါတ်ကိုလည်း ကျနော်မပိုင်ဘူး၊ ကျနော့်မှာ ရှိတာဆိုလို့ ဒီလက်ရှိအခြေအနေကိုပဲ ပိုင်တာပဲ။
ကျနော်ပိုင်ဆိုတဲ့အရာတစ်ခုကို လက်မလွတ်စတမ်း၊ ဖမ်းဆုပ်ထားချင်တယ်။
ဒီလိုမှပဲ ကျနော့်အနာဂါတ်က ပိုလှလာမယ်လို့ ယုံကြည်ခံယူမိပါတယ်။
No comments:
Post a Comment