Wednesday, June 26, 2013

မင်္ဂလာပါ သန့်ရှင်းသောဝိညာဉ်တော်

မနက်တိုင်းမှာ အသက်ရှင်ပြီးတော့ နိုးထခွင့်ရတယ်ဆိုတာ ကျနော့်အတွက်တော့ ကြီးမားတဲ့ဘုရားသခင်ရဲ့ နမိတ်တော်ပါပဲ...

~ထာဝရဘုရားသည် ငါ့ကိုမစတော်မူသောကြောင့် ငါသည် အိပ်ပျော်ခြင်းအခွင့်နှင့် နိုးခြင်းအခွင့်ရှိ၏~ 

ဆိုတဲ့ကျမ်းပိုဒ်လေးကို စိတ်ထဲကနေရေရွှက်ပြီးတော့ ဆိုနေမိတယ်။


ဒီနေ့လည်း လောကကြီးကတော့ ကျနော့်ကို ဆွဲချဖို့၊ နှောက်ယှက်ဖို့ ကြိုးစားကြံစည်နေဦးမှာပါ။

ဒါပေမယ့် ကျနော့်မှာ အကောင်းဆုံးသောအကူအညီပေးမယ့်သူတွေရှိနေပါတယ်... 

အထူးသဖြင့် သန့်ရှင်းသောဝိညာဉ်တော်က ကျနော့်အတွက် ၂၄ နာရီလုံးလုံး အကူအညီပေးဖို့အတွက် 

အဆင်သင့်ရှိနေတာပါ။


ကျနော့်ဘုရားသခင်ထာဝရဘုရားနဲ့ ဒီတနေ့တာ လှမ်းလျှောက်ရမယ့် ခြေလှမ်းတွေအတွက် 

ကြိုတွေးပြီးတော့ ကျေးဇူးတော်ချီးမွမ်းနေမိတယ်...


မင်္ဂလာပါ သန့်ရှင်းသောဝိညာဉ်တော်...

No comments:

Post a Comment