Thursday, June 13, 2013

ဒီည

ဒီညလည်းအိပ်လို့မပျော်ဘူး...
တခုခုက ကျနော့်ကို ဖိစီးနေတယ်ဆိုတာ သတိထားမိပါတယ်။
...လမ်းမကြီးလည်းတိတ်ဆိတ်နေပါပြီ၊
လူတွေလည်း အနားယူကြပါပြီ။
ကျနော်ကတော့ အိပ်စက်ရမယ့်အချိန်ကို စောင့်ဆိုင်းရင်း
အခန်းထဲက နာရီလက်တံရဲ့တချက်ချက်မြည်နေတဲ့ အသံကို
အဖော်ပြုပြီးတော့ နေပေးပါတယ်...
သူ့ခများ တစ်ယောက်တည်း တညလုံးခရီးသွားနေရအုံးမှာလေ။

No comments:

Post a Comment