ရုပ်ရှင်ကားတွေအရမ်းကြိုက်တတ်တဲ့ကျနော် အခုတလော ဘာတွေဖြစ်နေလဲမသိတော့...
ရုပ်ရှင်ကားတွေမကြည့်ဖြစ်ပါ။။။
မကြည့်တာကြာပြီမို့ မနေ့ညက Oxford Murders ဆိုတဲ့ ဇာတ်ကားကို ကြည့်ခဲ့တယ်။ တော်တော်လေး စိတ်လှုပ်ရှားမိတယ်။ အဲဒီလိုကားလေးတွေကို အကြိုက်တွေ့မိတယ်။
ဘာပဲဖြစ်ဖြစ် ထူးဆန်းနေပြီ။
...ရုပ်ရှင်မကြည့်ဖြစ်တာကြာခဲ့ပြီ။
အရမ်းအကြိုက်တွေ့ခဲ့တဲ့ အားကစားဂျာနယ်မဖတ်ဖြစ်။
ကျောင်းစာကိုလည်း ကောင်းကောင်းအာရုံမစိုက်ဖြစ်။
ကျမ်းစာလည်းနေ့တိုင်း မဖတ်ဖြစ်။
လုပ်ဖြစ်တာတွေက...
ဘလော့ဒ်ရေး၊
One everyday အတွက် ပို့စ်ရေး၊
...ဟိုတွေး၊ ဒီတွေး...ပြီးတော့ လျှောက်ရေး၊
Facebook Wall စာကြည့်တိုက်မှာ စာဖတ်၊ chat လုပ်၊
...အော်၊ ဘာပဲဖြစ်ဖြစ် ငါဆက်ကြိုးစားဖို့လိုနေပြီ။
ငါ့မိဘ၊ အသိုင်းအဝိုင်း၊ မြန်မာနိုင်ငံကလူငယ်တွေ...သူတို့အားလုံးအတွက် ငါဆက်ကြိုးစားရမယ်...
ဘုရားသခင်...ကျနော့်ကို ဆက်လက်ပြီးတော့ ခွန်အားပေးတော်မူပါ။

No comments:
Post a Comment