စစ်ကိုင်းတိုင်း၊ ကလေးမြို့ဆိုတဲ့နေရာက ကျနော့်ရဲ့ဇာတိချက်ကြွေတဲ့နေရာ။။။
...ကျနော်ကြီးပြင်းလာခဲ့တယ်။ စိတ်ထဲမှာရေရွက်နေခဲ့မိတယ်။
ရန်ကုန်မြို့ကို ကျနော်သွားမယ်၊ ပညာသင်မယ်...ဆိုပြီးတော့လေ...
~ငယ်ငယ်ကစိတ်ကူး ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့် ပြည့်စုံသွားခဲ့ပြီ~
ရန်ကုန်မှာ ပညာသင်တဲ့အချိန်က ဆယ်စုနှစ်တစ်စုပြည့်ခါနီးနေပြီ။။။
ပညာသင်တုန်းမှာ ပြည်ပထွတ်ပြီးတော့ ပညာဆက်သင်ဖို့ ဆိုင်းပြင်နေခဲ့ပါတယ်။။။
...ထားပါတော့လေ၊ အဲဒါက ကျနော့် ကိုယ်ပိုင်အစီအစဉ်ပေါ့။
ဒါပေမယ့်...
ကျောင်းပြီးခါနီးလေ...နိုင်ငံခြားမှာ ပညာသင်သွားချင်လေ မဖြစ်တော့ပဲ
...ကလေးမြို့ကို ပြန်ချင်လေ ဖြစ်နေမိတယ်။
ပြီးခဲ့တဲ့နွေရာသီလေးကို ကလေးမြို့မှာ ဖြတ်သန်းခဲ့ရတာက မမေ့နိုင်စရာ ပါပဲ။
ကျနော်ခံစားခဲ့မိတာက...အသင်းတော်ရယ်၊ တောင်ဖီလာမှာ ရှိတဲ့လူငယ်တွေမှာ ကျနော့်ဖြည့်ပေးလို့ရတဲ့ ကွက်လပ်လေးတွေရှိနေတယ်ဆိုတာပါပဲ...
ကျနော် သင်နိုင်သမျှလည်း သင်ခဲ့ပြီလို့ထင်မိတယ်... မကုန်ဆုံးနိုင်မယ့် ပညာတွေ ဆက်သင်နေရင် ကျနော်အတိုင်းအတာ တခုအထိတော့ ရမှာပါ...ဒါပေမယ့် အဲဒီကြားထဲမှာ ကျနော်ချစ်ရတဲ့ ဒေသက လူငယ်တွေ မပျက်စီးသင့်ပဲ ပျက်စီးသွားမှာကိုအရမ်းပဲ ဆိုးရိမ်မိတယ်...ကျနော်ရှိလို့ သူတို့တွေရဲ့ဘဝ လုံးဝတိုးတက်လာမယ်လို့မဆိုရဲပါဘူး...ဒါပေမယ့် ကျနော့်ကိုကြည့်ပြီးတော့ လူငယ်တယောက်တလေများ ဘဝတိုးတက်စရာများဖြစ်လာမလား...လို့ အတန်တန်စဉ်းစားနေမိတယ်။
...ခုတော့ ဘုရားသခင်က ကျနော့်ကို internship ဆင်းခိုင်းပြီလို့ထင်တယ်။
ဘာပဲဖြစ်ဖြစ်...သေချာတာတခုကတော့ ကျနော် မကြာခင်မှာ မြို့ပြညတွေကို ကျောခိုင်းပြီးတော့ ကိုယ့်အိမ်ကွင်းမှာ သွားပြီးတော့ ပွဲကြီးတစ်ပွဲကစားရမှာပါ။။။
အဲဒီအတွက်လည်းဂုဏ်ယူနေမိပါတယ်...ရင်တွေလည်း တဒိန်းဒိန်းခုန်နေမိတယ်။
ပြီးတော့ လူတွေရဲ့စိတ်ကို ပြောင်းလဲစေနိုင်တဲ့သူက ကျနော်ကိုးကွယ်တဲ့ဘုရားသခင်ပါ... ကျနော်လုပ်လို့ ပြောင်းလဲမှာမှမဟုတ်တာဗျာ..ဆိုပြီးတော့ အားတင်းနေပါတယ်။
ဘာပဲဖြစ်ဖြစ်...ကျနော် မြို့ပြညကြီးတွေကို စွန့်ခွါရမယ့်အချိန်အတွက် မစောင့်နိုင်ဘူးဖြစ်နေမိတယ်။။။

No comments:
Post a Comment