ဒီနေ့ ဘောလုံးသွားကန်ဖြစ်တယ်။
...ဘောကန်ဖိနပ်အသစ်လေးနဲ့ပေါ့။ တော်တော်လေးကန်လို့ကောင်းတယ် (၂ ဂိုးတောင်ရှုးခဲ့သေးတယ်)။
ဘောလုံးကွင်းသွားရင်းနဲ့ လမ်းဘေးကခွေးတွေကို သွားပြီးတော့ စဉ်းစားမိတယ်။ မြန်မာစကားမှာ လမ်းဘေးဆိုတာက မကောင်းဘူးလေ သိတဲ့အတိုင်းပဲ။ အဲဒီခွေးတွေက တကယ်သနားဖို့ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မှာ IDENTITY မရှိလို့ပါ။ အဲဒါမရှိတော့ လမ်းသွားလမ်းလာ၊ သူစိမ်းတွေကိုလည်း မဟောင်ရဲတော့ဘူးလေ။ ခွေးဖြစ်နေပြီးမှ မဟောင်ရဲတဲ့ဘဝ...
အော်...သူတို့ဘဝများ တော်တော်လေးကို ရင်နာဖို့ကောင်းတာပါလား။
အဲဒီခွေးတွေနဲ့ကိုယ့်ကိုယ်ကို သွားနှိုင်းမိတယ်...(နှိုင်းစရာရှားလို့ဗျာ...) ပြီးတော့ ဒီလိုစဉ်းစားမိတယ်။
...တကယ်လို့များ ငါလည်း ကိုယ့်နိုင်ငံမဟုတ်တဲ့ တနေရာရာကို ရောက်သွားခဲ့ရင် အဲဒီခွေးလိုပဲ သူများကိုလည်းမဟောင်ရဲ အမှီးကုတ်ပြီးတော့ နေနေရမလားလို့ပါ...
အဲဒီလိုစဉ်းစားရင်းနဲ့ပဲ မြန်မာနိုင်ငံသားဆိုတဲ့ IDENTITY ကိုလည်းတန်ဖိုးထားတတ်လာတယ်။ ပိုပြီးတော့လည်း ကိုယ့်ရဲ့ဖြစ်ခြင်းကို ဂုဏ်ယူမိလာတယ်။
ကိုယ့်ရဲ့နိုင်ငံမှာ IDENTITY အပြည့်အဝနဲ့နေထိုင်ခွင့်ပေးတဲ့ ကျနော်ကိုးကွယ်တဲ့ ဘုရားသခင်ကိုလည်း အထူးကျေးဇူးတင်မိတယ်...

No comments:
Post a Comment