ဒီနေ့တော့ တနေကုန် seminar တက်ခဲ့ရတယ်... seminar ခေါင်းစည်းကတော့ လန်ထွတ်နေတာပဲ ~Seminar on Biblical Stewardship and True Success in Life~ တဲ့။
ကျနော့် ဦးနှောက်တွေပွင့်ထွတ်သွားတယ်လို့တောင် ခံစားခဲ့ရတယ်...
ဒါပေမယ့် ထိုင်ခဲ့ရတာက မနက် ၉ ကနေ ညနေ ၅.၃ဝ လောက်အထိပါပဲ...ဟဲဟဲဟဲ။
ကျနော်သိခဲ့တဲ့ အချို့အစိတ်အပိုင်းလေးတွေကတော့
ကျနော့် ဦးနှောက်တွေပွင့်ထွတ်သွားတယ်လို့တောင် ခံစားခဲ့ရတယ်...
ဒါပေမယ့် ထိုင်ခဲ့ရတာက မနက် ၉ ကနေ ညနေ ၅.၃ဝ လောက်အထိပါပဲ...ဟဲဟဲဟဲ။
ကျနော်သိခဲ့တဲ့ အချို့အစိတ်အပိုင်းလေးတွေကတော့
သမ္မာကျမ်းစာပြောတဲ့ Prosperity (ချမ်းသာခြင်း) ဆိုတာက Giving (ပေးကမ်းခြင်း) ပဲဖြစ်တယ်လို့ အတိုချုံးပြောချင်ပါတယ်။
...ဘုရားသခင်က ~ပေးပါ၊ ပေးလို့ရှိရင် ဘယ်တော့မှ မဆင်းရဲဘူး~ လို့အတိအလင်း ပြောထားတယ်လေ။
ဘာတွေပေးရမလဲ ဆိုတော့ ဆယ်ဖို့တစ်ဖို့ (1/10) ပေါ့၊ အမြင်သာဆုံးတစ်ခုပေါ့ဗျာ...
...ဘုရားသခင်က ဘာလို့ အဲဒီပိုက်ဆံကို တောင်းရတာလဲ။ သူ့မှာ မရှိလို့လား စဉ်းစားစရာပဲ။
စကြာဝဠာကြီးတစ်ခုလုံးကို သူဖန်ဆင်းတယ်လို့ပြောတဲ့ဘုရားက အဲဒီပိုက်ဆံလေးကို ဘာလို့ တောင်းရသလဲ...
သူ့မှာငွေမရှိလို့မဟုတ်ပါဘူး၊ လိုအပ်လို့လည်းမဟုတ်ပါဘူး...အဲဒါက သူ့ရဲ့စမ်းသပ်ချက်တစ်ခုပါ။ ကျနော်တို့ရဲ့ နှလုံးသားက ဘယ်လောက်ထိသူ့ကို ယုံကြည်ကိုးစားတယ်၊ အဲဒီနှလုံးသားက သူ့အတွက်ဘယ်လောက်အထိ သန်မာတယ်ဆိုတာကို သူသိချင်တာလေးတစ်ခုပါပဲ...
ကိုယ်ရတဲ့အရာအားလုံးရဲ့ ဆယ်ပုံ၊တစ်ပုံ ကို ပေးရတယ်ဆိုတာ နည်းတာမဟုတ်ပါဘူး။
ဒါပေမယ့် သူပြောတဲ့ဂတိဝတ်တွေက ကြီးမားလွန်းလှပါတယ်။ အဲဒါကိုပေးလို့ရှိရင် အဲဒီအတွက် ဘယ်တော့မှ ရှုံးမှာမဟုတ်ပါဘူးတဲ့။ စကြာဝဠာကြီးတစ်ခုလုံးကို ငါဖန်ဆင်းတယ် လို့ပြောတဲ့ ဘုရားသခင်ရဲ့ဂတိတော်ဖြစ်ပါတယ်။
ဒီနေ့ ဆရာမကြီးပြောတဲ့စကားကို အရမ်းသဘောကျမိတယ်...~ဘုရားသခင်က ပေးပါ လို့ပြောရင်၊ မစဉ်းစားနဲ့တော့။ ပေးသာပေးလိုက်တော့။ ကိုယ့်ကိုပေးခိုင်းတဲ့သူက မင်းရဲ့ငွေကိုဘာအတွက်သုံးမယ် ဆိုတာ မင်းအပိုင်းမဟုတ်ဘူး...အဲဒါ သူနဲ့ဘုရားရဲ့အပိုင်း။ ဆိုတော့ ဘုရားကပေးဆိုပေးလိုက်ပေါ့~ တဲ့လေ။
ဘာပဲဖြစ်ဖြစ် ဒီနေ့တော့ ကျနော့်ဘဝအတွက် အချိုးအကွေ့တစ်ခုဖြစ်နေတာအမှန်ပါပဲ။
ပြောစရာတွေရှိသေးတယ်...ကြုံရင်ကြုံသလိုပြောပြမယ်နော်။
ခုတော့ဒီလောက်နဲ့နားချင်ပါတယ်....
No comments:
Post a Comment