Sunday, June 23, 2013

ငါသာလျှင် ငါ့ဘဝရဲ့ဖန်တီးရှင်

ဟာသဆန်ဆန် တကယ့်အဖြစ်အပျက်လေးတစ်ခု ပြောပြပါရစေ...

ကျနော်အခုနေတဲ့နေရာက ခုနှစ်လွှာမှာပါ...ဘုရားသခင်နဲ့ ပိုနီးတဲ့နေရာပေါ့ဗျာ...ဟဲဟဲဟဲ။
...သိတဲ့အတိုင်းပဲလေ အတက်အဆင်းလုပ်ရတာ ကတော့ ရှယ်ပဲဆိုတာထက် ကောင်းသေးတယ်။
အပေါ်ထိရောက်ဖို့ လှေကားထစ်ပေါင်း ၁၁၅ ထစ်ပဲ တက်ရပါတယ်...

ပြောချင်တာက ဒီလိုပါ...
အခန်းတစ်ခန်းမှာ Plasma TV အကြီးကြီး တလုံးကို နေ့တိုင်းမြင်ရတယ်ဗျာ။
ကောင်းလိုက်တဲ့ TV ပါလား ဆိုပြီးတော့ ချီးကျူးစရာပဲ...

ဒါပေမယ့် သူတို့က TV ပြလိုက်ရင် မကြည်လိုက်တဲ့ဇာတ်ကားတွေ၊ လွန်ခဲ့တဲ့ နှစ် ၃ဝ၊ ၄ဝ က ဇာတ်ကားတွေးချည်းပဲ ပြနေတယ်လေ။ Plasma TV ကြီးက ကြာလာတော့ သူ့ကိုယ်သူ အဆင့်မြင့်မှန်းတောင် မေ့နေလောက်ပါတယ်။။။

ဒါပဲလေဗျာ...ဘုရားသခင်က ကျနော်တို့ကို ဘဝဆိုတဲ့ အကောင်းဆုံးသောအရာတစ်ခုကို ပေးထားတယ်။ ဒါပေမယ့် လူတွေက လုပ်လိုက်ကြတာ...မကောင်းအောင်ပဲလုပ်နေကြတယ်။ ဇာတ်ကားခွေတွေက ကွာလတီမရှိမှတော့ ထွတ်လာတဲ့ အရာတွေက ဝိုးတိုးဝါးတား ဖြစ်ကုန်ပြီပေါ့ကွာ။။။

ကွာလတီရှိတဲ့ အခွေတွေထည့်ကြည့်ရင်တော့ ကွာလတီရှိတဲ့အရည်အသွေးတွေကို မြင်ရမှာပါ။ TV က ဘယ်လောက်ကောင်းကောင်း အခွေက ကွာလတီမကောင်းရင်တော့ သေပြီလေ။

လူ့ဘဝဆိုတဲ့ ဘုရားပေးတဲ့ အခွင့်အရေးဟာ ဘယ်လောက်ပဲ ကောင်းနေပါလေ့စေ... ကိုယ့်ကံကြမာကို ကိုယ်ကပဲ ဖန်တီးနိုင်တာပါ... အကောင်းဆုံးဖန်တီးကြရအောင်ပါနော်။




No comments:

Post a Comment