မနက်ခင်းအသစ်
မနေ့ညတုန်းက ဘာမှမသိဘဲ အိပ်စက်အနားယူတဲ့အချိန်မှာလည်း ဘုရားသခင်ကျနော့်ကို ကွယ်ကာစောင့်မခဲ့ပါတယ်။
ကျေးဇူးတော်ကြောင့် မနက်သစ်မှာ ကောင်းမွန်စွာပြန်ပြီးတော့နိုးထခွင့်ရပါတယ်။
ဒီအရာအတွက်အလွန်ပဲ ဘုရားသခင်ရဲ့ကျေးဇူးတော်ကို ချီးမွမ်းမိတယ်။

အဲဒါကြောင့်ပဲ ဒါဝိဒ်မင်းကြီးက ~ထာဝရဘုရားသည်ငါ့ကို မစတော်မူသောကြောင့် ငါသည်အိပ်၍ပျာ်ခြင်းအခွင့်နှင့် နိုးခြင်းအခွင့်ရှိ၏~ လို့ စပ်ဆိုထားတာဖြစ်ပါတယ်။
ညတုန်းကစောစော အိပ်မပျော်ခဲ့ပေမယ့်....
အိပ်ပျော်တဲ့အခွင့်ကို ရရှိခဲ့တာအမှန်ပါပဲ...ဒီလိုသာယာတဲ့မနက်ခင်းကတွက်လည်း အမှန်ပဲ ပျော်ရွင်မိပါတယ်...
No comments:
Post a Comment