Friday, June 14, 2013


ယောက်ကျားလေးဖြစ်ရတာ ပျော်စရာကောင်းလှတယ်လို့ ကျနော်ခံစားမိတဲ့ အချိန်က ဘာလုံးကန်တဲ့အချိန်တိုင်းမှာဖြစ်ပါတယ်။
ဘောလုံးကန်တာကို ကျနော်ဘာဖြစ်လို့ ဒီလောက်နှစ်သက်လဲမသိဘူး။ သေချာတာကတော့ အဖေက ဘောလုံးသမားဖြစ်ခဲ့လို့ဆိုတာပါပဲ။

ဘောလုံးသမားဖြစ်ရတာ မလွယ်ကူလှပါဘူးလေ...ဘောလုံးကန်တဲ့အပြင်
- ဘောလုံးပွဲကြည့်တယ် (Chelsea က ကျနော်အားပေးတဲ့အသင်း။ မနက် ၁၊ ၂ နာရီဆိုလည်း ထရတယ်)
- ဂျာနယ် ဖတ်တယ်။ (ပိုက်ဆံကုန်တာပေါ့)
- အချိန်ကုန်ခံပြီးတော့ ဘောလုံးအကြောင်းတွေ ဆွေးနွေးကြတယ်။ (အချိန်ဆိုတာငွေလို့ပြောနေကြတော့)

ဝူး...ဘောလုံးသမားဖြစ်ရတဲ့ဘဝက ပျော်စရာကောင်းလှသလို၊ အချိန်ကုန်ပြီးတော့ လူလည်းပန်းပါတယ်။

အဲဒါကို သိနေလျက်...ဘောလုံးသမား ဖြစ်ရတာကို ပျော်နေမိပါတယ်။

No comments:

Post a Comment