Sunday, June 30, 2013

~ I THOUGHT ~

I thought i was standing still,
   but i didn't know i was sinking.
I thought i was walking straight,
   but i didn't know i was veering from my path.
I thought i was making a great progress,
   but i didn't realize i was losing my altitude.
I thought i was in a clear knowledge about myself,
   but i didn't know i was changing...
I thought i was fine,
   but now, i know i am not...
Now, i realize what i have gone through,
I can change my direction...

မောနင်း ပို့စ်

ဒီနေ့လည်း အသစ်တဖန်နိုးထခွင့်ရတဲ့အတွက် ကျေးဇူးတော်ချီးမွမ်းနေမိတယ်...

မနက်နိုးလာတယ်...အသက်ရှူနေသေးတယ်...နှလုံးခုန်နေသေးတယ်...မြင်နေရသေးတယ်... တီးတိန်ကော်ဖီလေးလည်း သောက်နေရသေးတယ်... ++++
...ဒီအရာတွေအားလုံးအတွက်မက ကျနော်မရေတွက်မိတဲ့ ဘုရားသခင်ပေးတဲ့ ကောင်းကြီးမင်္ဂလာတွေအပေါ် မှာ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေမိပါတယ်။။။

Reader's Digest ထဲက လူတယောက်ရေးတဲ့ စာကြောင်းလေးကိုသွား သတိရမိတယ်...
"If you wake up alive and breathing,
Congratulations, you have another chance~" တဲ့လေ။

ဟုတ်ပါတယ်....ကျနော့်အနေနဲ့ကတော့ ဒီအခွင့်အရေးဟာ ကျနော့် ဘုရားသခင်ထာဝရဘုရား ပေးတဲ့ အခွင့်အရေးပါလို့ ခံယူပါတယ်...

မင်္ဂလာရှိတဲ့ မနက်ခင်းလေးအတွက် ဘုရားသခင်ကို အထူးကျေးဇူးတင်ရှိပါတယ်။

Saturday, June 29, 2013

အစွန်းတရားနှစ်ဖက်

၂၁ ရာစုမှာ အရှိန်အဟုန်ကောင်းစွာဖြင့် ချီတက်လာနေသည်...

လူနေမှုအဆင်အတန်းမြင့်လာသည်၊ ဆင်းရဲမှု၊ ချမ်းသာမှု ကွာဟချက်ကြီးမားလာသည်...
ဝင်ငွေတိုးလာသည်၊ ကုန်ဈေးနှုန်းများ အဆမတန်တက်သွားသည်။
လူဦးရေတိုးပွားလာသည် ကိုယ်ကျင့်တရားဆုတ်ယုတ်လာကြသည်။
ပိုင်ဆိုင်မှုများ ပိုမိုမားပြားလာသည် ချစ်ခြင်းတရား ခေါင်းပါးလာသည်...
ဆက်သွယ်ရေးလုပ်ငန်းများ အဆင်ပြေလာသည်၊ လူမှုဆက်ဆံရေး အရည်ကျဲလာသည်။
အလှအပလုပ်ငန်းများ သိသိသာသာတိုးတက်လာသည်၊ စိတ်ဓါတ်တွေ ညံ့ဖျင်းလာသည်။
ပညာရေးတိုးတက်လာသည် ကိုယ်ချင်းစာတရား ကင်းမဲ့လာသည်။

တိုးတက်မှု၊ ဆိုးယုတ်မှုဆိုသော အစွန်းတရားနှစ်ဖက်တွင် အသက်ရှင်နေရသည်။ ထိုတရားနှစ်ခုသည် တားဆီးမရနိုင်သော အရာများဖြစ်သည်...
သို့သော်လည်း လုပ်ဆောင်နိုင်သောအရာတစ်ခုရှိသည်...

မိမိဘဝကိုယ်မိမိ ကြိုးစားပြီးအကောင်းဆုံးဆောက်တည်သွားရန်သာ...

အမှန်တရား

ခုတလော အထူးအဆန်းတွေတွေးနေမိတယ်။။။

တကယ်ပါပဲ...လောကကြီးမှာ အမှန်တရားဆိုတာရှိပါ့မလား လို့လေ... လောကကြီးရဲ့ အမှန်တရားဆိုတာက လူအများစုခံယူထားတဲ့ သဘောတရားတစ်ခုပါပဲ။။။

တကယ်လို့များ... လူသတ်တာကောင်းတယ်လို့ ယူဆခဲ့ရင်၊ ခံယူကြလို့ရှိရင် လူသတ်တယ်ဆိုတာက မှန်တဲ့အရာတခုဖြစ်လာမှာပါပဲ... ကျနော်တစ်ယောက်တည်းစဉ်းစားတာဆိုတော့ အဲဒီလိုပဲ ဖြစ်လာမယ်လို့ ခံစားမိတယ်။

ပြီးတော့ ဟိုနိုင်ငံတွေရဲ့ကားတွေက ဘယ်မောင်း၊ ဒီနိုင်ငံရဲ့ကားတွေက ညာမောင်း ရှုပ်ယှက်ခတ်နေတာပဲ... အမှန်တရားဆိုတာကို လိုက်ရှာနေရင်တော့ ရူးလောက်တယ်...

ဒါပေမယ့်ပေါ့နော်... လောကကြီးမှာ လူဖြစ်နေသရွေ့ကတော့ ပိုကောင်းတဲ့အမှန်တရားဆိုတာကို အမြဲတမ်းရှာဖွေနေရဦးမှာပါ။

တနေ့တာခရီး

နေ့ရက်အချိန်တွေကို စဉ်းစားရင်း လျှောက်တွေး၊ လျှောက်သွားရင်း သတိရ၊ သတိရရင်း တောင်းဆုချွေ...
ဒီလိုနဲ့ပဲ...Calendar ပေါ်ကနေ့စွဲတွေ တဖြွတ်ဖြွတ်ကြွေလွင့်နေပါတယ်

ဒီနေ့ကိုတော့ မနက်ထတာနဲ့ ဘောလုံးကွင်းကိုရောက်နေပြီ။။။ နေ့လည် ၁၂ နာရီလောက်အထိဖြစ်သွားတယ်။

ဒီလိုနဲ့ ဒီနေ့ကိုတော့ ခြွေလိုက်တယ်...ကျောင်းကလူတွေအများကြီနဲ့ Fellowship လုပ်ဖြစ်တယ်။
John C. Maxwell ပြောတဲ့ "One is too small a number to achieve GREATNESS." ဆိုတဲ့ သဘောတရားလေးကို လက်ကိုင်ပြီးတော့ Relationship building လုပ်တယ်၊ Communicate လုပ်တယ်... အတတ်နိုင်ဆုံးပေါ့ဗျာ။။။

ပြီးတော့ ~လောကကြီးက တယောက်တည်းနေဖို့ တိုတောင်းလွန်းလှပါတယ်~ ဆိုတာလေးကို လည်း သဘောကျမိတယ်။

ဘာပဲဖြစ်ဖြစ် တနေ့တခြားတော့ တိုးတက်လာတယ်လို့ ခံစားမိတာပဲ။


အလုံး

အော်...အဖေ့သားကြီးကျနော်
ဘောလုံးကန်ရတာ အလွန်ဝါသနာထုံသည်။
ဘောလုံးပွဲကြည့်တာ အလွန်ပျော်သည်...
ဘောလုံးဂျာနယ်တွေ ဝယ်ဖတ်ရတယ် အရသာတွေ့နိုင်လွန်းလှသည်။
ဘောလုံးအကြောင်းဆွေးနွေးရတာမောပန်းမိသည် ဆိုသောရက်မရှိ...
ဘောလုံးအင်္ကျီာဝတ်ရတာ ရိုးအီနိုင်ခြင်းအလျှင်းမရှိ။

ဘာပဲဖြစ်ဖြစ် အလုံးမြင်တိုင်း ရင်ခုန်နေမိသည်...
...Zuma မှ အစ ဘောလုံးအဆုံး

(ဟာ...ဘာတွေရေးနေမိပြီလဲမသိဘူးကွာ...)

Friday, June 28, 2013

ကျေးဇူးတော်

ဒီလိုနဲ့ပဲ နေ့တနေ့ အပြီးပြတ်သွားပြန်ပီ...
ကျေးဇူးတော်ပါပဲလို့ ရေရွတ်ချီးမွမ်းနေမိတယ်။

ဒီနေ့ကတော့ ကျနော့်အတွက်နေ့ထူးနေ့မြတ်ပါပဲ။ FRESHERS' DAY မှာ Short Speech ပေးတုန်းက ကျနော်ပြောနေတာမဟုတ်မှန်း ကျနော်သိခဲ့တယ်... ကျနော့်အထဲက ဘုရားသခင်ရဲ့ဝိညာဉ်တော်ဆိုတာကို ကျနော်သတိထားမိပါတယ်။။။ ကျနော့်အရည်အချင်းနဲ့ ဒီလောက်နည်းတဲ့ပြင်ဆင်မှုနဲ့ အဲလောက်တော့ ထွတ်လာမှာမဟုတ်မှန်းကို သိပါတယ်။။။

...အလုံးစုံဟာ ကျေးဇူးတော်ပဲ ဆိုတဲ့ သီချင်းစာသားလေးကို...သွားသတိရမိတယ်။

ဘာပဲဖြစ်ဖြစ်မဖြစ်ဖြစ်...ဒီနေ့အပြီးမှာတော့
...နက်ဖြန် ဘောလုံးကန်ရမယ့် အကြောင်းတွေတွေးရင်း ရင်ခုန်နေမိတယ်။

Thursday, June 27, 2013

A Psalm of A Mother

PSALM 23
(A Psalm of a mother)

1.      The LORD is my mother; I shall not be hungry.

2.      She makes me lie down in a warm bed.
She prepares a good breakfast.

3.      She strengthens my body.
She paves the way of GOD before me for His glory.

4.      Even though I walk through the hardest time, I will still
be confident for she is with me; your teaching and
your prayer they strengthen me.

5.      You bring a life before me in the mid of adversaries.
You warm my heart with love; my blessing overflows.

6.      Surely your love and care will follow me all the days
of my life; and I will dwell in the house of the LORD
with you, forever.

Wednesday, June 26, 2013

ပေးကမ်းခြင်း


လောကကြီးမှာ လူတိုင်းက ရယူပိုင်ဆိုင်ချင်ကြပါတယ်။

အဲဒါက သာမန်လူတစ်ယောက်ရဲ့ သဘောသဘာဝလေး ဆိုပါတော... လူတွေက မွေးကတည်းက ရယူပိုင်ဆိုင်ချင်ကြတယ်၊ တချို့တွေက သေတဲ့အထိ ရဖို့၊ ယူဖို့ပဲဖြစ်သွားကြတယ်...

 ဒါပေမယ့် ထူးချွန်တဲ့သူ၊ လူတော်၊ ပညာရှိတွေကတော့ သူတို့မှာရှိတဲ့အရာကို လူတွေဆီကို ပေးကမ်းတတ်ကြတယ်...စွန့်ကြဲတတ်ကြတယ်...

 ယေရှုဘုရားကလည်း ~ရယူခြင်းထက်၊ ပေးကမ်းခြင်းက ပိုပြီးတော့ မွန်မြတ်တယ်၊ မင်္ဂလာရှိတယ်~ ဆိုတဲ့ တရားတော်တွေကို ချပြခဲ့ပါတယ်...

ဒီနေ့က ကျနော့်သူများတွေအတွက် အသက်ရှင်တဲ့နေ့ပါ...

မင်္ဂလာပါ သန့်ရှင်းသောဝိညာဉ်တော်

မနက်တိုင်းမှာ အသက်ရှင်ပြီးတော့ နိုးထခွင့်ရတယ်ဆိုတာ ကျနော့်အတွက်တော့ ကြီးမားတဲ့ဘုရားသခင်ရဲ့ နမိတ်တော်ပါပဲ...

~ထာဝရဘုရားသည် ငါ့ကိုမစတော်မူသောကြောင့် ငါသည် အိပ်ပျော်ခြင်းအခွင့်နှင့် နိုးခြင်းအခွင့်ရှိ၏~ 

ဆိုတဲ့ကျမ်းပိုဒ်လေးကို စိတ်ထဲကနေရေရွှက်ပြီးတော့ ဆိုနေမိတယ်။


ဒီနေ့လည်း လောကကြီးကတော့ ကျနော့်ကို ဆွဲချဖို့၊ နှောက်ယှက်ဖို့ ကြိုးစားကြံစည်နေဦးမှာပါ။

ဒါပေမယ့် ကျနော့်မှာ အကောင်းဆုံးသောအကူအညီပေးမယ့်သူတွေရှိနေပါတယ်... 

အထူးသဖြင့် သန့်ရှင်းသောဝိညာဉ်တော်က ကျနော့်အတွက် ၂၄ နာရီလုံးလုံး အကူအညီပေးဖို့အတွက် 

အဆင်သင့်ရှိနေတာပါ။


ကျနော့်ဘုရားသခင်ထာဝရဘုရားနဲ့ ဒီတနေ့တာ လှမ်းလျှောက်ရမယ့် ခြေလှမ်းတွေအတွက် 

ကြိုတွေးပြီးတော့ ကျေးဇူးတော်ချီးမွမ်းနေမိတယ်...


မင်္ဂလာပါ သန့်ရှင်းသောဝိညာဉ်တော်...

Bucket List

ဒီမြို့လေးအကြောင်းကို ကြားဖြစ်တာ တော်တော်လေးကို ကြာနေခဲ့ပါပြီ...

အဲဒီတော့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ တနေ့ အဲဒီကို အလည်အပတ် တဝကြီးသွားမယ်လို့...

Geithoorn ဆိုတဲ့ Holland က မြို့လေးတမြို့ဖြစ်ပါတယ်။ အဲဒီမြို့ရဲ့ထူးခြားချက်ကတော့ ရေလမ်းကို အသုံးပြုခြင်းပဲဖြစ်ပါတယ်။ သူတို့က လှေကလေးတွေနဲ့ ဟိုသွားဒီလာ လုပ်ကြတယ်... အိမ်ပြူတင်းပေါက်က လှမ်းကြည့်တာနဲ့ ရေတွေကို မြင်တွေ့နေရမှာပါ။

ပြောနေရင်းနဲ့သွားချင်လာပြီ။

အဲဒီမြို့လေးကို သွားဖို့အတွက်ကို ကျနော့်ရဲ့ BUCKET LIST ထဲမှာ ထည့်လိုက်ပြီဗျာ...
ဒါပေမယ့် တော်ရုံနဲ့တော့သွားဖြစ်မှာ မဟုတ်ဘူးဆိုတာသိပါတယ်... ဘာဖြစ်လို့လဲဆိုတော့ ဘုရားသခင်က ကျနော့်ကို မြန်မာနိုင်ငံမှာ Internship ဆင်းခိုင်းထားတယ်ဆိုတာကို ကောင်းကောင်းသိလို့ပါ...
ပြီးတော့ ကျနော့်ဘုရားက ကျနော်ဘာလုပ်ချင်တယ် ဆိုတာကို သူကောင်းကောင်းသိပါတယ်...ကျနော့်ရဲ့ BUCKET LIST ကို လည်း မငြီးတွားစတမ်းသူကပဲ ဦးဆောင်ပြီးတော့ ပြည့်စုံစေမှာပါ...

အဲဒီလိုမျိုးဘုရားသခင်ကို ကိုးကွယ်ခွင့်ရတာကို အရမ်းပဲ ဂုဏ်ယူမိပါတယ်...

မှတ်စုတို

စာလုပ်တယ်ဆိုတာ တော်တော်ကြီးကို မလွယ်ပါလား။

အာရုံစိုက်ရတဲ့အလုပ်ဆိုတာတော်တော်လေးကို ပင်ပန်းပါတယ်... ဘာပဲဖြစ်ဖြစ် ကျောင်းသားပဲလေ ဒီလောက်တော့ ရှိရမှာပေါ့နော့်။

မလွယ်ကူဘူးဆိုပေမယ့် အာရုံကိုနစ်လိုက်တော့လည်း စာလုပ်ရတာက ပျော်စရာကောင်းလှပါတယ်။ လျှောက်ပြောတယ် မထင်စေချင်ဘူး။ မယုံရင် စမ်းကြည့်လို့ ရပါတယ်။

ကဲ...ဆက်စွဲလိုက်ဦးမယ်နော်။။။


မူမမှန်သော လောကကြီး

နေ့တိုင်း ကလက်စ် တွေတက်နေရတယ်...

...တချို့အတန်းတွေက တက်ရတာပျော်စရာကောင်းလှပါတယ်။ ဒါပေမယ့် အချို့သော အတန်းတွေက တက်သာတက်နေရသည်...စိတ်ဝင်စားမှုတော့မရှိ။။။ မတတ်နိုင်ဘူးလေ ရွေးချယ်လို့မှမရတာကိုး။

ဒီခေတ်ကြီးက ကလေးတွေကို သွားသွားပြီးတော့ အားကျမိသည်။ သူတို့တွေ ကျောင်းတက်တဲ့နေရာမှာ အစစအရာရာ ကျနော်တို့တုန်းကထက်သာသည်... သူတို့တွေရဲ့ ကျောင်းသွားကျောင်းပြန်ကို ကြည့်ပြီး အားကျလေ့ရှိသည်။

မည်သို့ဆိုစေ ကိုယ်ရရှိသောဘဝကို အကောင်းဆုံးဖြတ်သန်းရင်ဆိုင်ရမည်။ ရသမျှသော အိမ်စာများ၊ ကျောင်းစာများကို စိတ်ဝင်စားသည်ရှိ၊ စိတ်မဝင်စားသည်ရှိ လုပ်ရမည်။ လွှဲရှောင်မရသော အရာများဖြစ်သည်။

လောကကြီးဆိုသည် လော နေသောသူများက လောနေပြီး၊ က သောသူများသည် က နေကြသည် ဟု အဓိပါယ် ဖွင့်ချင်မိသည်...

အော်...လောကကြီး...လောကကြီး။


မိုးစက်ရေများနှင့် ဘဝအပိုင်းအစ

အပြင်မှာ မိုးတွေသည်းသည်းမည်းမည်းရွာနေတယ်။

အရင်ချိန်တွေကို သွားသတိရမိတယ်...

အရင်ချိန်တွေဆိုတာက...
မိုးရေထဲမှာ ထီးမပါပဲနဲ့ လမ်းလျှောက်ခဲ့ရတဲ့ အချိန်တွေ။
...အလယ်တန်းကျောင်းသားဘဝတုန်းက အဖြစ်အပျက်တစ်ခုကိုသွားသတိရမိတယ်။
၃.၃ဝ ကျောင်းဆင်းချိန်ရောက်တော့ မိုးရေထဲမှာပြေးလွှားပြီးတော့ ကျောင်းရဲ့ဂိတ်ပေါက်ဝကို ပျော်ပျော်ကြီးသွားခဲ့ပါတယ်... ကျောင်းစိမ်း၊ ကျောင်းဖြူ ဝတ်ပြီးတော့ ကျောင်းတက်ဖော်တွေရဲ့ရှေ့ဆုံးကနေ ဂိတ်ပေါက်ကို ရောက်ခဲ့ပါတယ်။
ပျော်စရာကောင်းလွန်းခဲ့ပါတယ်...
အဲဒီအချိန် (ဂိတ်ပေါက်ရောက်တဲ့အချိန်ပေါ့ဗျာ...) မှာ ကျနော့် ပျော်ရွင်မှုက ပြီးဆုံးသွားခဲ့ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့...
...အမေပါးလိုက်တဲ့ထီးကို ကျနော့်စာရေးခုံထဲမှာ ကျန်ခဲ့တယ်၊ ဆိုတဲ့ အသိဝင်လာလို့ပါ။

မတတ်နိုင်ဘူး...ပြန်လှည့်။

ခုဏတုန်းက ကျောင်းတက်ဖော်တွေရဲ့ရှေ့မှာ ပြေးလွှားနေခဲ့တဲ့ကောင်လေးတယောက် အခုတော့ နောက်ကြောင်းပြန်လှည့်နေရပါတယ်...

ဘာပဲဖြစ်ဖြစ် အဲဒီတဒင်္ဂအပျော်လေးကို ဆယ်စုနှစ် နှစ်စုနီးပါး ကြာမြင့်တဲ့အချိန်အထိ မေ့မရနိုင်ဘဲ...
မိုးတွေရွာတိုင်း သတိရနေမိတယ်...

...ဒီနေ့မှာရွာတဲ့ မိုးတွေက ကျနော့်ရဲ့အတွက်များရွာနေသလားဗျာ။

Tuesday, June 25, 2013

LOVE


If LOVE is a four-letter word…then;
  
 L refers to Looking for the GOOD of others by accepting what they possess as
weakness.
            O signifies Overcoming together what stand ahead of the journey.
            V stands for Value, you value who people really are.
            E becomes Eternal, you look forward to spending time for eternity with them…