Friday, September 13, 2013

ရှာကြလော့၊ ရှာလျှင်တွေ့မည်။

ယေရှုခရစ်တော်ရဲ့သင်ကြားပေးတဲ့အရာက
~တောင်းကြလော့၊ တောင်းလျှင်ရမည်၊
ရှာကြလော့၊ ရှာလျှင်တွေ့မည်၊
ခေါက်ကြလော့၊ ခေါက်လျှင် တံခါးကိုဖွင့်ပေးကြလိမ့်မည်။~  လို့ သွန်သင်ပေးထားပါတယ်။

ရှာကြလော့၊ ရှာလျှင်တွေ့မည်။ ဆိုတဲ့အချက်ကို ရိုးရိုးလေးစဉ်းစားကြည့်ရရင်တော့
လူတွေဟာ သူတို့ရှာတဲ့အရာတွေကို တွေ့အောင်ရှာနိုင်တဲ့အစွမ်းတွေရှိကြတယ် ဆိုတဲ့သဘောမျိုးပေါ့။

ဆိုတော့ ကိုယ်က သူများမကောင်းတဲ့အကွက်တွေကိုပဲ ရှာနေမယ်ဆိုရင် တချိန်လုံးအဲဒီ မကောင်းတဲ့အရာတွေကိုပဲတွေ့နေကြရမှာအမှန်ပါပဲ။
အဲဒီလိုပဲ...သူများကောင်းကွက်တွေကို ရှာမယ်ဆိုရင်တော့ တွေကြမှာအမှန်ပါပဲ။

ဆိုတော့ ရှာရင်တွေ့တယ်။ ပြောင်းပြန်ပြန်စဉ်းစားကြည့်ရရင်
...ကိုယ်တွေ့ကြုံရတာတွေရဲ့ အများကြီးက ကိုယ်ရှာတဲ့အရာတွေဖြစ်တယ်လို့ နိဂုံးချူပ်ချင်မိတယ်။

No comments:

Post a Comment