ဒီနေ့အတန်းထဲမှာ ဆရာပြောတာနားထောင်နေရင်းနဲ့ ရေးဖြစ်လိုက်တာပါ။
ဘယ်လိုအခြေအနေမျိုးမှာမဆို
အပြောင်းအလဲကာလဆိုတာက ကြောက်စရာအကောင်းဆုံးအချိန် ဖြစ်သလို၊ စိတ်လှုပ်ရှားစရာအကောင်းဆုံးအချိန်လို့
ပြောရင်လည်း မှားမယ်မထင်ပါဘူး။
MEGST ကျောင်းတော်ကြီးအနေနဲ့
အရေးကြီးဆုံးအခန်းကဏ္ဍလို့ ယူဆရမယ့် Principal အပြောင်းအလဲက ဒီနှစ်မှာဖြစ်ပျက်ခဲ့ပါတယ်။
Principal အသစ်အဖြစ်တာဝန်ယူတဲ့ Rev. San Cung Nung ရဲ့ပထမနှစ် အပြောင်းအလဲကာလ လို့ဆိုရမှာဖြစ်ပါတယ်။
ဘယ်အခြေအနေမှ အာမခံမရှိပါဘူး။
ကောင်းလာနိုင်သလို၊ ယိုင်နဲ့သွားတာလည်းဖြစ်နိုင်ပါတယ်။
ဒါပေမယ့် ယုံကြည်သူတွေအနေနဲ့ ဘုရားသခင်ရဲ့ကျေးဇူးတော်က အားလုံးအတွက်
လုံလောက်နေဆဲ ဖြစ်သလို ကျောင်းတော်ကြီး MEGST ရဲ့တစ်နှစ်တာခရီးစဉ်အတွက်လည်း လုံလောက်နေဆဲဖြစ်ပါတယ်။
အဲဒီအတွက် ဘုရားသခင်ရဲ့ကျေးဇူးတော်ကို အထူးချီးမွမ်းပါတယ်။
တစ်နှစ်ဆိုတဲ့ အချိန်ကာလဟာ ရှည်လျားလိမ့်မယ်လို့ ထင်ရတဲ့ ခရီးတိုတစ်ခုဖြစ်ပြီးတော့၊
တိုတောင်းမယ်လို့ထင်ရတဲ့ ခရီးရှည်တစ်ခုလည်း ဖြစ်ပါတယ်။ အများကြီးပြောင်းလဲသွားကြပြီးတော့
မပြောင်းလဲခြင်းတွေလည်းကိန်းသေတစ်ခုလို ရှိနေကြဆဲဖြစ်ပါတယ်။
ပြောင်းလဲမှုတစ်ခုအနေနဲ့ ဒီနှစ်ရဲ့ နှစ်လည်မဂ္ဂဇင်းမွေးဖွားလာခြင်းကို ထောက်ပြချင်ပါတယ်။
...စိုက်ထုတ်မှုတွေအများကြီးလုပ်ခဲ့ရတယ်။
အကောင်းဆုံးကြိုးစားခဲ့ကြပါတယ်။
မဂ္ဂဇင်းဖြစ်မြောက်ရေးတာဝန်ခံတစ်ယောက်အနေနဲ့
ဘုရားပေးတဲ့အသိညဏ်တွေ၊ အစွမ်းအစတွေကို ဒီမဂ္ဂဇင်းမှာအတတ်နိုင်ဆုံး
ထုတ်ဖော်ခဲ့ပါတယ်။
No comments:
Post a Comment