Friday, October 17, 2014

တမ်းခြင်း

အချိန်တွေသာကုန်သွားတယ်...
နေ့စဉ်ရက်တိုင်း ငါသတိရနေသေးတယ်။ လွမ်းနေသေးတယ်။
...မြင်နေရသေးတယ်။

စိတ်ညစ်စရာကြီးဖြစ်လာတယ်...
ခုတော့ ငါတော်တော်လေးအထိတ်အလန့်ဖြစ်နေမိပါပြီ...
လူတွေပြောတော့ အချိန်ကကုစားသွားမှာပါ ဆို...
...အချိန်က ကုစားတာကတော့ မဖြစ်နိုင်ဘူးထင်ပါတယ်။

ကုစားနိုင်လား၊ မနိုင်ဘူးလား တော့မသိဘူး...
ဒါပေမယ့် ငါကတော့ အလူးအလဲပဲဗျာ။

ဒီစိတ်ခံစားချက်၊ ဝေဒနာကြီးနဲ့ နောက်တယောက်ကို ချဉ်းကပ်ရမယ် ဆိုတာကြီးက...

ငါ ပြန်လာမယ်...

အိမ်မက်တခုလည်းပြီးသွားခဲ့ပြီ...

အကြောင်းအမျိုးမျိုးကြောင့် အိပ်ရေးတွေလည်းပျက်ခဲ့ရပြီ။
အကြောင်းကြောင်းကြောင့်...
ငါ ငိုခဲ့ရတယ်...
ဝမ်းနည်းခဲ့ရတယ်...
စိတ်ညစ်ခဲ့ရတယ်...
ငြီးတွားခဲ့ရတယ်...
...ဒါပေမယ့် ငါ ဇွဲမလျော့ဘူး၊ အားမလျော့ဘူး။

ငါအားတင်ထားတယ်...
တနေနေ့တော့ ငါ ခေါင်းမော့၊ ရင်ကော့လာနိုင်မှာပါ။