ကူးစက်ရောဂါတွေအများကြီးရှိနေပါတယ်...
မှန်ပါတယ်။ပြီးတော့ ရောဂါတင်မကဘူး တခြားသောအရာတွေလည်းကူးစက်တတ်တာကို တွေ့နိုင်ပါတယ်။
တံငါနားနီးတံငါ ဆိုတဲ့စကားမျိုးတွေဆိုပါတော့။
အရင်ကတော့ အဲဒီစကားကို သိပ်မယုံကြည်ခဲ့ဘူး...ကိုယ့်အပေါ်အများကြီးမူတည်တယ် လို့ခံယူခဲ့မိတယ်။
ဘာပဲဖြစ်ဖြစ် ကျနော်ရဲ့ကောင်မလေးဆီမှာ ကျနော်ပြောတတ်တဲ့စကားတွေကို ပြန်ကြားနေရတယ် လို့ခံစားမိပါတယ်။
ဟုတ်ပါတယ်။ ရောဂါပိုးတွေလိုပဲ အရမ်းကို ကူးစက်မြန်တဲ့အရာတစ်ခုကတော့ စကားလုံးတွေဖြစ်တယ်လို့ ယုံကြည်ပါတယ်။ ပြီးတော့ စကားပြောတယ်ဆိုတာ သတိထားဖို့အကောင်းဆုံးသောအရာတွေအထဲက တစ်ခုဖြစ်တယ်လို့...
ဒီနေ့မှာ အတွေးနယ်ချဲ့နေမိပါတယ်။