Sunday, July 28, 2013

ပန်းသီး ကိုက်ခြင်း

ကျနော့်စာကြည့်တိုက်လေး facebook wall ပေါ်ကဖတ်ရတဲ့ ဟာသတစ်ခုကိုတော်တော်လေး သဘောကျမိတယ်။

ကျနော် iPad ကို ခြေထောက်နဲ့မတော်တဆနင်းလိုက်မိတော့ ကွဲသွားတဲ့အသံတသံကိုကြားလိုက်မိတယ်။

အဲဒါနဲ့ချက်ချင်းပဲ ဘုရားသခင်ကို ဆုတောင်းတယ်...
~ဘုရားသခင် ကွဲသွားသင့်တာက iPad မဟုတ်ဘဲ ကျနော့်ခြေထောက်ဖြစ်သင့်တာပါ~ ဆိုပါလား။

အော်...လူ့ဘဝမှာ ပန်းသီးကို ကိုက်မိကြပြီးတဲ့လူတွေများလာတော့ ဒီလူတွေရဲ့စိတ်ထဲမှာ၊ အတွေးထဲမှာ ဒီလိုမျိုးဆုတောင်းတွေတောင်းကြမလား ဆိုပြီးတော့ ကြုံစိုးရိမ်မိတယ်။။။

ဖုန်းပြောတော့မယ်ဆိုရင် ဒါလေးသိသင့်တယ်ထင်တာပဲ...

မြန်မာနိုင်ငံမှာ ဖုန်းတွေဝင်လာပြီ။ များလာပြီ။
ဖုန်းနဲ့ပြောတယ်၊ chat တယ်၊ စာတိုပို့တယ်၊ အင်တာနာက်သုံးတယ်...
...အများကြီးလုပ်လုပ်ရတာကို ကြည့်ပြီးတော့ ဝမ်းသာပီတိဖြစ်မိတယ်။
ကျနော်ကိုယ်တိုင် ဖုန်းမကိုင်သေးပေမယ့် ဖုန်းရှိတဲ့သူတွေအတွက် ပျော်ရွှင်မိပါတယ်။

အမြဲတမ်း သတိထားစရာတစ်ခုတော့ရှိတယ်နော်...
ဖုန်းနဲ့စကားပြောတယ်ဆိုတာက မျက်နှာချင်းဆိုင်ပြီးတော့ပြောတာမဟုတ်ဘူးဆိုတော့
...အထင်လွဲတာ၊ ကိုယ်ပြောတဲ့ဆိုလိုရင်းကို တဖက်ကနားမလည်တာ၊ နားလည်မှုလွဲတာ အစရှိတဲ့အရာတွေ ဖြစ်တတ်ပါတယ်။ ဖြစ်ခဲ့ပါတယ်။ ဖြစ်နေပါတယ်။ ဖြစ်နေအုံးမှာပါ။

ဆိုတော့ လူချင်းတွေ့စကားပြောလို့ရတဲ့အရာတွေကို ဖုန်းနဲ့မပြောမိပါစေနဲ့။
...စာရေးပြီးတော့ပြောလို့အဆင်ပြေတဲ့အရာကို ဖုန်းနဲ့မပြောပါနဲ့။

ချူံပြီးတော့ပြောရရင် ဖုန်းနဲ့စကားပြောတဲ့အခါမှာ သတိရှိပါ။
များများမပြောလေကောင်းလေပါပဲ။

Saturday, July 27, 2013

...

ငယ်ငယ်တုန်းက ငါထင်ခဲ့တဲ့ လောကကြီးဟာ
ကြီးလာတော့တွေ့ကြုံရတဲ့ လောကကြီးနဲ့ မတူပါဘူး။

ဒါပေမယ့် လောကကြီးမှာ ကိုယ်ထင်တာတွေချည်းဖြစ်နေရစတမ်းဆိုရင်
ပျင်းစရာကောင်းနေမှာတော့ ကျိန်းသေပါပဲဗျာ။။။

ဘာပဲဖြစ်ဖြစ်ပေါ့

လောကကြီးရဲ့သဘောတရားတွေလေလား...
လုပ်သင့်တာတွေကို တော့ ကောင်းကောင်းမလုပ်နိုင်ပဲ၊
မလုပ်သင့်တာတွေ၊ မဖြစ်သင့်တာတွေနဲ့ နပန်းလုံးရင်း ငါ့အချိန်တွေ ကုန်ဆုံးနေတယ်။

ဘာပဲဖြစ်ဖြစ် အကောင်းဘက်က ဖြည့်စွက်ပြီးတော့ တွေးနေမိတာအမှန်ပါပဲ။

Thursday, July 4, 2013

အားတော့နာတယ်၊ ခင်လည်းခင်တယ်

ကျနော် Toshiba Satellite C840 နဲ့ နှစ်ပါးသွားတာ တစ်နှစ်နီးပါးရှိသွားပါပြီ။

ဝယ်ပြီးတဲ့နှစ်ပါတ်မှာပဲ Service Center ကို ရောက်သွားခဲ့တယ်... ရောက်မှာပေါ့ဗျာ... လက်တော့က ညတောင်မအိပ်ရဘူးလေ...ဟဲဟဲဟဲ။
ဖြုတ်တယ်၊ တပ်တယ်၊ ပြန်ဖြုတ်တယ်၊ ပြန်တပ်တယ်...
မခံနိုင်ဘူးထင်ပါတယ်တယ်... မေမိုရီ 2G လေးက ကြွသွားရှာတယ်လေ။
(ဟီးဟီး...ပိုင်တာပေါ့ အာမခံရှိတော့လည်း၊)

ခုလည်း ... Toshiba လေးက ပိုင်ရှင်ညအိပ်မှ အိပ်ရတယ်။
အထဲက software တွေကို ဖြုတ်လိုက်၊ တပ်လိုက်၊ မတပ်လိုက်၊ မဖြုတ်လိုက် လုပ်နေပြန်ပြီ။

Microsoft Word က 2013 ကို ရောက်သွားလိုက်၊ 2010 ကို ပြန်ရောက်လိုက်၊ 2013 ကို ပြန်ရောက်လိုက်ဖြစ်နေတယ်... Registry ထဲကိုလည်း ခဏခဏအလည်သွားရတယ်။ အဝင်အထွက် များလွန်းလို့ အားလည်းနာလာပြီ၊ ဒါပေမယ့် ခင်လည်းခင်တယ်လေ...ဟီးဟီး။

ခုလည်း ကျောင်းစာတွေနဲ့စပြီးနပန်းသတ်ပါပြီဆိုမှ...Microsoft က ပြသနာစပြီ။ ဒီနေ့တနေ့လုံး စာမလုပ်လိုက်ရဘူး။
Toshiba လေးက ကျနော့်ကို တင်းသွားပြီထင်တယ်။ Microsoft Word 2013/ 2010 လည်းအဆင်မပြေတော့ဘူး။။။ နောက်ဆုံးတော့ Word 2007 ကိုပြန်တင်လိုက်ရတယ်... အဲဒါတောင် မနည်း ပြန်တင်ထားရတာ... ဟီးဟီး...
2013 ရောက်ပြီးသားတစ်ယောက်က 2007 မှာပြန်နေရတယ်ဆိုတာကြီးက တမျိုးကြီးပဲ... ဟဲဟဲဟဲ...

ဘာပဲဖြစ်ဖြစ် TOSHIBA လေးကိုတော့ ~အားတော့နာတယ်၊ ခင်လည်းခင်တယ်~ လို့ပြောချင်ပါတယ်။

Wednesday, July 3, 2013

မောနင်းပို့စ်

မနက်ထလာတော့ အတွေးတွေက ရှုပ်ထွေးနေပါတယ်... သူ့ရဲ့ရေဒါထဲက ရုန်းထွတ်လို့မရနိုင်အောင်ဖြစ်နေတယ်။။။

လူ့သားဖြစ်ရတဲ့ဘဝဆိုတာ ကောင်းကြီးတစ်ခုဆိုတာကိုသိပေမယ့် ကောင်းကောင်းမွန်မွန်အသက်ရှင်နေထိုင်သွားဖို့ ဆိုတာက ခဲယဉ်းလွန်းလှပါတယ်...

Your life is one of the greatest gifts from the LORD; and, what you do with the life is your gift back to the LORD... ဆိုတဲ့စာသားလေးကို ဒီမနက်စောစောပဲဆင်ခြင်မိတယ်။

ဘာပဲဖြစ်ဖြစ် မနက်ခင်းသစ်မှာ နိုးထခွင့်ပေးတဲ့ ကျနော်ကိုးကွယ်တဲ့ အသက်ရှင်တဲ့ထာဝရဘုရား ကို အထူးကျေးဇူးတင်မိတယ်။

ဒီတနေ့တာလုံးလှုပ်ရှားသွားလာရမယ့် ခရီးစဉ်တွေအတွက်လည်း သူ့ဆီက ခွန်အားတွေတောင်းခံဆဲဖြစ်ပါတယ်။

...အဖဘုရားသခင်နဲ့အတူ ဒီတနေ့တာလုံးကို ကောင်းမွန်စွာဖြတ်သန်းခွင့်ပေးတော်မူပါ။

မေ့တတ်တဲ့လူ့သဘော

အခုတလော လူတွေသာမမေ့တတ်ခဲ့ရင် ဘာတွေဖြစ်သွားနိုင်လဲ ဆိုပြီးတော့ အတွေးနယ်ချဲ့နေမိတယ်...

မမေ့တတ်ခဲ့ရင်ပေါ့ဗျာ...

ဝမ်းနည်းစရာ၊ စိတ်ညစ်စရာတွေပဲ အများကြီးကျန်နေမယ်လို့ယုံကြည်ပါတယ်။
ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှုတဲ့ အကြားမှာရှိတဲ့အချိုးအစားကတော့ လုံးဝကို ညီမျှမှာမဟုတ်ပါဘူး...

ကျနော်တို့ ဝမ်းသာစရာတွေကို လည်းမေ့ထားနိုင်ကြတယ်၊ ဝမ်းနည်းစရာတွေကိုလည်း မေ့ထားနိုင်ကြတယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ဘဝတွေ့ ပိုကောင်းလာတယ်လို့ ကျနော်ခံစားမိပါတယ်။။။

တကယ်လို့များ ကျနော်သာ မမေ့တတ်တဲ့လူစားမျိုးဆိုရင် ကျနော့်လက်ရှိဘဝလေးက ဒီလောက်ကြီးကျယ်ခန်းနားလိမ့်မယ်လို့ လုံးဝထင်မထားမိပါဘူး...

(သူငယ်ချင်းတယောက်ပြောတဲ့ ဟာသလေးကို ရှဲပေးလိုက်ပါတယ်။
ကောင်လေးတစ်ယောက်က ကောင်မလေးကို ဒီလိုရည်းစားစကားပြောပါတယ်...
~ငါကလေ အရမ်းချစ်တတ်တာ...ချစ်ပြီးရင်လည်းပြန်မမုန်းတတ်တော့ဘူး။။။
နင်မယုံရင် ငါ့အရင်ရည်းစားကိုသွားမေးကြည့်ပါလား...အခုထိချစ်တုန်းပဲ လို့ပြောမှာ~ တဲ့လေ...)

မေ့တတ်တယ်ဆိုတာက ဘုရားသခင်ဖန်ဆင်းတဲ့ ကျနော်တို့လူသားတွေရဲ့အစိတ်အပိုင်းတစ်ခုပါပဲ။။။

မေ့တတ်ကြပါစေနော်...

နှလုံးသားထဲကအသံ

လောကကြီးက ဆူညံလွန်းပါတယ်...
ဘယ်နေရာသွားသွား အသံတွေချည်းပဲကြားနေရတာပါ။

အဲဒီအသံတွေက မှားလား၊ မှန်လား ခွဲခြားဖို့တော်တော်လေးခဲယဉ်းပါတယ်... လူတွေရဲ့အတွေးခေါ်၊ ဆင်ခြင်တုံတရားတွေကလည်း ရင့်ကျက်လာဖို့ခဲယဉ်းတော့ တခုခုဆို ဆုံးဖြတ်ချက်ချရမှာ ခက်ခဲနေတတ်ပါတယ်။။။

မတတ်နိုင်ဘူးလေ...အဲဒါကို လောကကြီးလို့ပဲ ကင်ပွန်းတပ်ခေါ်ချင်မိတယ်။

Prince of Persia: the sand of time ဇာတ်ကားရဲ့အဆုံးမှာ ဇာတ်ကောင်ပြောတဲ့ စကားလေးကတော့ မှတ်သားစရာကောင်းလှတယ်...
~ထူးချွန်တဲ့ဘုရင်တွေဟာ သူတို့ကို အကြံပေးတဲ့သူတွေရဲ့စကားကို နားထောင်ကြတယ်။ ဒါပေမယ့် နောက်ဆုံးမှာ၊ အရေးကြုံလာတဲ့အခါမှာတော့ သူတို့ရဲ့နှလုံးသားထဲက အသံကို နားထောင်ကြတယ်~

လောကကြီးကတော့ အများကြီးပြောနေမှာပါ။

ကိုယ့်နှလုံးသားထဲက အသံသေးသေးလေးကို နားစွန့်တတ်တာက တကယ့်ထူးချွန်တဲ့သူတွေရဲ့ အလုပ်ပါ။

Monday, July 1, 2013

မတ်တပ် လဲကျခြင်း

တခါတရံမှာ ကျနော်လေ ကိုယ့်ဟာကိုကောင်းကောင်းရပ်နိုင်တာပဲ လို့ ထင်မိတဲ့အချိန်တွေဟာ...
...ကျနော် တဖြေးဖြေးနစ်မြုပ်နေတဲ့အချိန်တွေပါလား ဆိုတာကို မသိနိုင်ခဲ့ပါဘူး။

ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို confidence ရှိတာကလည်း over မဖြစ်ဖို့အရေးကြီးပါတယ်။။။

ဘယ်အချိန်ခါမဆိုမှာ Over တို့ Too much ဖြစ်နေတာတို့က ဘယ်အရာမှကောင်းတာမရှိဘူးလို့ မြင်မိပါတယ်...

ဆိုတော့ လူတွေဟာ မတ်တပ်ရပ်နေရင်း လဲကြနေကြပါလား လို့ နိဂုံးဘက်သွားရင် ဖြစ်မလားမသိဘူးနော်...